Monday, May 17, 2021

တူရကီတိုက်လေယာဉ်များအကြမ်းတပ်ဖွဲ့ဝင်များသုတ်သင်နိုင်ခဲ့ကြောင်းတူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန်ကပြောကြားခဲ့ခြင်း

        တူရကီတိုက်လေယာဉ်များသည် အီရတ်နိုင်ငံမြောက်ပိုင်း၊ ဂါရာ (Gara) ဒေသ၌ အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးတစ်ခုအတွင်း ကာ့ဒ် (PKK) အကြမ်းဖက်တပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သုတ်သင်နိုင်ခဲ့ကြောင်း တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁၆ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီလေတပ်အနေဖြင့် အကြမ်းဖက် တပ်ဖွဲ့များအပေါ် လေကြောင်းစစ်ဆင်မှုများ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးများ ထိရောက်စွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တူရကီစစ်ဘက်က ပြောကြားခဲ့ပါသည်။ တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမည်စာရင်းသွင်းထားသော PKK တပ်ဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် မွေးကင်းစကလေးငယ် များအပါအဝင် ပြည်သူ ၄၀,၀၀၀ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment