၈။ အီရန်နိုင်ငံအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ၂၀၁၅ ခုနှစ်၊ အီရန် နျူကလီးယားသဘောတူညီချက် ပြန်လည်ရရှိစေရေးနှင့်စပ်လျဉ်းသည့် ညှိုနှိုင်းဆွေးနွေးမှု များအား ဇွန်လ ၁၂ ရက်တွင် ပြန်လည်စတင်ခဲ့ပါသည်။ အီရန်နိုင်ငံအနေဖြင့် ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီနှင့် တရုတ်နိုင်ငံတို့မှ အဆင့်မြင့်သံတမန်များနှင့် ဩစတြီးယား မြို့တော်ဗီယင်နာရှိ ဟိုတယ်တစ်ခုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်းပါဝင်သူများအနေဖြင့် သဘောတူညီချက်အား အပြီးသတ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် မည်သည့်လုပ်ဆောင်ချက်များကို ထပ်မံဆောင်ရွက် သွားရမည်ဟူသော အမြင်များအား နှီးနှောဖလှယ်ဆွေးနွေးသင့်ကြောင်း ရုရှားထိပ်တန်း ကိုယ်စားလှယ်တစ်ဉီးက ပြောကြားခဲ့ပါသည်။ အမေရိကန်အစိုးရသည် အဆိုပါသဘော တူညီချက်အား ပြန်လည်ဖော်ဆောင်လိုသည့်ရည်ရွယ်ချက်ဖြင့် အီရန်အရာရှိဟောင်း ၃ ဉီးနှင့် ရေနံကုမ္ပဏီ ၂ ခုအပေါ် ဇွန်လ ၁၀ ရက်တွင် အရေးယူပိတ်ဆို့မှုများအား ဖယ်ရှားပေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment