Reuters; June 2 (Wed)
တူရကီနိုင်ငံသည် အီဂျစ်အပါအဝင် ပင်လယ်ကွေ့နိုင်ငံများနှင့် နှစ်ပေါင်း များစွာကြာ ဆက်ဆံရေးတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် အပြန်အလှန်အကျိုးဖြစ်ထွန်း စေမည့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို စတင်လုပ်ဆောင်သွားရန် မျှော်မှန်း ထားကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် အီဂျစ်အပါအဝင် ပင်လယ်ကွေ့ နိုင်ငံများနှင့် အစ္စလာမ်ဘာသာရေးအပေါ်ထားရှိသည့် နိုင်ငံရေးအယူဝါဒမတူညီခြင်း၊ လစ်ဗျားပဋိပက္ခတွင်ပါဝင်ခြင်း၊ အရှေ့မြေထဲပင်လယ်အတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ခြင်း၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံး၌ သတင်းထောက် ဂျမယ်ခါရှော့ဂျီ (Jamal Khashoggi) လုပ်ကြံခံခဲ့ရခြင်းနှင့် အခြားသော ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းတို့ကြောင့် ဆက်ဆံရေးတင်းမာမှုများကို ဖြစ်ပွားစေခဲ့ပါသည်။
တူရကီနိုင်ငံအနေဖြင့် ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးပုံမှန် ပြန်လည်ရရှိစေရန်အတွက် ပြင်ဆင်မှုများပြုလုပ်သွားရန် မကြာသေးမီအချိန်များ အတွင်း တိုက်တွန်းမှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် အီဂျစ်၊ ဆော်ဒီနိုင်ငံတို့နှင့်ဖြစ်ပွား ခဲ့သည့် ပဋိပက္ခများကိုဖြေရှင်းနိုင်ရန်အတွက် တူရကီအဆင့်မြင့်ကိုယ်စားလှယ်များအား အီဂျစ်နိုင်ငံသို့စေလွတ်ခဲ့ပြီး ဆော်ဒီနှင့်ဆွေးနွေးမှုများပြန်လည်စတင်သွားရန် အတွက် လည်း တူရကီနိုင်ငံခြားရေးဝန်ကြီး မဲဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) အား ဆော်ဒီအာရေဗျနိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီးသည် ဆော်ဒီ နိုင်ငံခြားရေဝန်ကြီး ဖာဆယ်လ်ဘင်ဖာဟန်အယ်လ်ဆော့ဒ် (Faisal bin Farhan Al Saud) နှင့် ပြီးခဲ့သည့်မေလအတွင်းပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် နှစ်နိုင်ငံ အပြန်အလှန်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။
No comments:
Post a Comment