၉။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev) နှင့် နာဂေါ်နို-ကရာဘတ်ခ် ဒေသအရေးကိစ္စအပါအဝင် ဒေသတွင်းအရေးကိစ္စများအား ဆွေးနွေးမှုများပြုလုပ်ရန် အဇာဘိုင်ဂျန်မြို့တော် ဗားကူး (Baku) သို့ ဇွန်လ ၁၅ ရက်တွင် ရောက်ရှိခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် သမ္မတ အာဒိုဂန်နှင့်အတူ အမျိုးသားကာကွယ်ရေးဝန်ကြီး၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူး၊ သမ္မတရေးရာ ပြောရေးဆိုခွင့်ရှိသူ၊ Justice and Development(AK) ပါတီ ပြောရေးဆိုခွင့်ရှိသူနှင့် နေတိုးပါလီမန်အစည်းအဝေး၏ တူရကီကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့ လိုက်ပါခဲ့ကြပါသည်။ ထို့ပြင် သမ္မတ အီဟန်အလီရက်နှင့် သမ္မတ အာဒိုဂန်တို့သည် သီးခြားဆွေးနွေးမှုများပြုလုပ်ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment