၁၁။ အမေရိကန်အထက်လွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီဉက္ကဋ္ဌ ဘို့မန်နက်ဒတ် (Bob Menendez) နှင့် ဖလော်ရီဒါပြည်နယ်လွှတ်တော်အမတ် မာကို ရူဘီရို (Marco Rubio) တို့သည် အမေရိကန်နှင့် ဂရိနိုင်ငံတို့အကြား ကာကွယ်ရေး ဆိုင်ရာမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဥပဒေမူကြမ်းအသစ်တစ်ရပ်အား အတည်ပြု ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၃ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ဥပဒေအရ အမေရိကန်အနေဖြင့် ဂရိစစ်ဘက်ကိုအဆင့်မြှင့်တင်ရာ၌ လိုအပ်သည့် စစ်လက်နက်ပစ္စည်းများအား တရားဝင်ထောက်ပံ့ပေးသွားနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် ဂရိ၊ အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ၎င်းတို့နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment