၅။ ဆားဘီးယားနိုင်ငံ၊ ကာကတ် (Cacak) မြို့ရှိ ခဲယမ်းစက်ရုံတစ်ခုဖြစ်သည့် Sloboda စက်ရုံတွင် ဇွန်လ ၁၉ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ငံပိုင် RTS ရုပ်သံဌာနက ဖော်ပြခဲ့ပါသည်။ ပေါက်ကွဲမှုအပြီး ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါစက်ရုံအား အတားအဆီး အကန့်အသတ်များပြုလုပ်ခဲ့ပြီး စက်ရုံအနီးဝန်းကျင်၌ နေထိုင်ကြသူ များကိုလည်း နေရာရွှေ့ပြောင်းနေထိုင်ရန် မြို့တော်ဝန်က အမိန့်ထုတ်ပြန်ထားပါသည်။ အဆိုပါပေါက်ကွဲမှုသည် ဇွန်လအတွင်း ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်ကြောင်းနှင့် စက်ရုံပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းအား စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါသည်။ Sloboda စက်ရုံတွင် အမြောက်ကျည်ဆန်များ၊ ပို့ကျည်များနှင့် ဖောက်ခွဲရေးပစ္စည်းများကို ထုတ်လုပ်လျက်ရှိကြောင်းနှင့် ပထမအကြိမ် ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment