Sunday, June 6, 2021

တူရကီနိုင်ငံခြာရေးဝန်ကြီးအနေဖြင့်ပြင်သစ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း

    တူရကီနိုင်ငံခြားရေးဝန်ကြီး မက်လက်ကာဗူဆိုဂလူ (Mevlut Cavusoglu) အနေဖြင့် ပြင်သစ်နိုင်ငံသို့ ဇွန်လ ၆ ရက်မှ ၇ ရက်အထိ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ဇွန်လ ၆ ရက်တွင် သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြ ခဲ့ပါသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း ကာဗူဆိုဂလူသည် ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီး ဂျင်းဗက်လီဒရိန်း (Jean-Yves Le Drian) နှင့်တွေ့ဆုံ၍ တူရကီ-အီးယူ ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်သံတမန်ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ၎င်းအပြင် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု နှင့် ဒေသတွင်းလက်ရှိဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့်ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment