၆။ အီရန်ရွေးကောက်ခံသမ္မတအသစ် အီဗရာဟင်ရိုင်စီ (Ebrahim Raisi) သည် ၂၀၂၁ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း Sputnik သတင်းဌာနက ဇွန်လ ၂၁ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အီရန်သမ္မတရွေးကောက်ပွဲအား မျှတမှုမရှိကြောင်း ပြစ်တင်ရှုတ်ချလျက်ရှိစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့က ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် ရိုင်စီအပေါ် ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့ ပါသည်။ မိမိအနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့်တွေ့ဆုံရန် ဆန္ဒမရှိကြောင်း ရိုင်စီက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment