Friday, June 18, 2021

တူရကီသမ္မတ အာဒိုဂန် သည် ဇွန်လ ၁၅ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံရှိ Shushi စီရင်စုသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးနောက် အဇာဘိုင်ဂျန်နိုင်ငံ၌ တူရကီအမြဲတမ်းစစ်အခြေစိုက်စခန်းထားရှိရေး စတင်ဆောင်ရွက်ခဲ့ခြင်း

            တူရကီစစ်ဘက်အနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံ၌ စစ်အခြေစိုက်စခန်းတစ်ခု လာရောက် စခန်းချပါက ရုရှားနိုင်ငံ၏ အမျိုးသားရေးလုံခြုံရေးအား တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၈ ရက်တွင် ရုရှားအစိုးရက သတိပေးပြောကြားခဲ့ပါ သည်။ အဆိုပါ စစ်စခန်းထားရှိရေးနှင့်ပတ်သက်၍ တူရကီနှင့်အဇာဘိုင်ဂျန်နိုင်ငံ တို့သည် ပူးတွဲထုတ်ပြန်ကြေညာချက်၌ နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ကြ ပါသည်။  တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက်(Ilham Aliyev)တို့သည် နှစ်နိုင်ငံ စစ်ရေး ထောက်ပံ့မှုများ အပြန်အလှန်ပေးအပ်သွားမည်ဖြစ်ပြီး ဆက်ဆံရေးနှင့် စစ်ရေးကဏ္ဍ တို့တွင်လည်း ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုပြောကြားခဲ့ကြ ပါသည်။ တူရကီသမ္မတ အာဒိုဂန် သည် ဇွန်လ ၁၅ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံရှိ Shushi စီရင်စုသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးနောက် အဇာဘိုင်ဂျန်နိုင်ငံ၌ တူရကီအမြဲတမ်းစစ်အခြေစိုက်စခန်းထားရှိရေး စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။    

No comments:

Post a Comment