တူရကီလွှတ်တော်ဥက္ကဋ္ဌ မူစတာဖာဆန်တော့ဖ် (Mustafa Sentop) ဦးစီး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၂ ရက် အစောပိုင်းတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရန်အလို့ငှာ ကူဝိတ်နိုင်ငံသို့ ၂ ရက်ကြာချစ်ကြည်ရေး ခရီးရောက်ရှိခဲ့ကြောင်း Anadolu Agency က ဖော်ပြခဲ့ပါသည်။ ဆန်တော့ဖ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့သည် ကူဝိတ်အိမ်ရှေ့မင်းသား ရှိတ်မက်ရှယ်လ်အယ်လ်အာမက် အယ်လ်ဂျဘာအယ်လ်စာဘသ် (Sheikh Meshal Al-Ahmad Al-Jaber Al-Sabah) နှင့် ကူဝိတ်နိုင်ငံ၊ ဘေယန် (Bayan) နန်းတော်၌ ပထမဆုံးတွေ့ဆုံပြီးနောက် ကူဝိတ် ဝန်ကြီးချုပ် ဆာဘဒ်အယ်လ်ကာလစ်အယ်လ်ဆာဘသ် (Sabah Al-Khalid Al-Sabah) အပါအဝင် ကူဝတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ရုံးဝန်ကြီးတို့နှင့်ပါ ဆက်လက် တွေ့ဆုံသွားမည်ဖြစ်ပါသည်။ ထို့နောက် ဆန်တော့ဖ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားလွှတ်တော်အဆောက်အအုံ၌ ကူဝိတ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်တွင် တူရကီနိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment