Sunday, July 4, 2021

တူရကီနိုင်ငံမှဆောက်လုပ်ပေးသောယူကရိန်းနိုင်ငံရေတပ်တွင်အသုံးပြုမည့်စစ်ရေယာဉ်တစ်စီးအား၂၀၂၃ခုနှစ်အကုန်တွင်ဆောက်လုပ်ပြီးစီးမည်ဟုယူကရိန်းသမ္မတပြောကြားခြင်း

     တူရကီနိုင်ငံသည် ယူကရိန်းနိုင်ငံရေတပ်တွင်အသုံးပြုမည့် ကော်ဗက် (Corvette) စစ်ရေယာဉ်အသစ်တစ်စီးအား တည်ဆောက်ပေးလျက်ရှိပြီး ၎င်းအား ၂၀၂၃ ခုနှစ် အကုန်တွင် ဆောက်လုပ်ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း ယူကရိန်းသမ္မတ ဗလာ ဒီမာဇီလန်စကိုင်း (Vladimir Zelensky) က ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံ အနေဖြင့် အဆိုပါစစ်ရေယာဉ်အား စမ်းသပ်မောင်းနှင်မှုများပြုလုပ်ပြီးနောက် ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ယူကရိန်းရေတပ်၌ စတင်တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပါ သည်။ ထို့ပြင် ယူကရိန်းတပ်ဖွဲ့ဝင်များသည် တူရကီနိုင်ငံထုတ် Bayraktar TB-2 မောင်းသူမဲ့လေယာဉ်များအား မောင်းနှင်ခြင်းသင်တန်းကို တက်ရောက်ပြီးစီးပြီဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် အဆိုပါမောင်းသူမဲ့ယာဉ် များအား ယူကရိန်းနိုင်ငံ၏ ရေတပ်တွင်အသုံးပြုရန် ပေးအပ်သွားမည်ဖြစ်ကြောင်း ဇီလန်စကိုင်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment