Dailysabah;Sept-12(Sun)
တူရကီ၊ အဇာဘိုင်ဂျန်နှင့်
ပါကစ္စတန်နိုင်ငံတို့သည် အဇာဘိုင်ဂျန်နိုင်ငံ၊ မြို့တော် ဘာကူ (Baku) ၌ ပထမဆုံးအကြိမ် ၃ နိုင်ငံပူးတွဲပြုလုပ်သည့် Three Brothers–2021 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းအား
စက်တင်ဘာလ ၁၂ ရက်တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။ အဇာဘိုင်ဂျန်အထူးတပ်ဖွဲ့အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဟခ်မတ်မာဇာရာ (Hikmat Mirzayev) သည် တူရကီနှင့် ပါကစ္စတန် အထူးတပ်ဖွဲ့များ၏ ကိုယ်စားလှယ်များအား
နိုင်ငံအတွင်းတွေ့မြင်ရခြင်းကို ဝမ်းသာ ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် အာမေးနီးယားလက်နက်ကိုင်တပ်ဖွဲ့များအား
စတင်တွန်းလှန်တိုက်ခိုက် ခဲ့သည့် အဇာဘိုင်ဂျန်နိုင်ငံ၏ ၄၄ ရက်ကြာ
တန်ပြန်စစ်ဆင်ရေးတွင် တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့သည် စည်းလုံးညီညွတ်စွာဖြင့်
မိမိတို့နိုင်ငံအား အထောက်အပံ့များ ပေးအပ်ခဲ့ကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာန၏
ထုတ်ပြန်ချက်ကို ကိုးကား၍ ဗိုလ်ချုပ်ကြီး ဟခ်မတ်မာဇာရာက ပြောကြားခဲ့ပါသည်။
ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်ခန်းကို
စက်တင်ဘာလ ၂၀ ရက်ထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းလေ့ကျင့်ခန်းသည် ၃ နိုင်ငံ စစ်ဘက်တပ်ဖွဲ့ဝင်များအကြား
အတွေ့အကြုံများနှင့်အမြင်များအား ဖလှယ်ပေးလိမ့်မည်ဖြစ်ပြီး ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်မှုကို
ယခုထက်ပိုမိုတိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး
ဟခ်မတ်မာဇာရာက ပြောကြားခဲ့ပါသည်။ ထို့အတူ တူရကီစစ်ဘက် ကိုယ်စားလှယ်အဖွဲ့မှ
ဒုတိယဗိုလ်မှူးကြီး ကူဆက်ကိုနုခ် (Kursat
Konuk) နှင့် ပါကစ္စတန် စစ်ဘက်ကိုယ်စားလှယ်အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး အမီရှာဇက်ဒ် (Aamir Shahzad) တို့ကလည်း နိုင်ငံအစိုးရများနှင့် စစ်ဘက်များအကြား တည်ရှိနေသော
ချစ်ကြည်ရင်းနှီးမှု သည် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာ့ပတ်ဝန်းကျင်တွင် စမ်းသပ်မှုတစ်ခုဖြစ်လာ လိမ့်မည်ဟု
ပြောကြားခဲ့ပါသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် စစ်ဘက်တပ်ဖွဲ့ဝင်များ အကြား တည်ရှိနေသောဆက်ဆံရေးကို
ပိုမိုခိုင်မာစေမည်ဖြစ်သည့်အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရန်
နည်းလမ်းသစ်များရှာဖွေရန်အတွက်လည်း အခွင့်အလမ်းတစ်ခုဖြစ်လာ လိမ့်မည်ဟု ၎င်းတို့က ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment