Tuesday, September 7, 2021

အီဂျစ်နှင့် တူရကီတို့သည် ဒုတိယအကြိမ် စူးစမ်းလေ့လာရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်း

 အီဂျစ်နိုင်ငံသည် တူရကီနိုင်ငံနှင့် ဒုတိယအကြိမ် စူးစမ်းလေ့လာရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက်မှ ၈ ရက်အထိ တူရကီနိုင်ငံ မြို့တော် အန်ကာရာ (Ankara) ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အီဂျစ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟန်ဒီလိုဖာ (Hamdy Loza) သည် တူရကီနိုင်ငံ ခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ အန်ကာရာမြို့သို့ အလည်အပတ်သွားရောက် မည်ဖြစ်ပြီး ယခုကဲ့သို့ဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းအရေး ကိစ္စများကို ဖြေရှင်းသွားနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့ပါ သည်။ နှစ်နိုင်ငံသံတမန်များသည် မေလ ၆ ရက်တွင် အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို (Cairo) တွင် ပထမအကြိမ်ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပြုလုပ်မည့် ဆွေးနွေးများတွင် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် သဘောတူညီခဲ့ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment