NeosKosmos; Sep-28 (Tue)
ဩစတြေးလျ၊ ဗြိတိန်နှင့်အမေရိကန်တို့အကြား
AUKUS အမည်ရှိ ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုမှုအပြီးတွင် ဩစတြေးလျနိုင်ငံသည် ပြင်သစ် နိုင်ငံနှင့် ချုပ်ဆိုထားသည့် ယူရို ၅၀ ဘီလီယံတန်ဖိုးရှိသည့်
ရေငုပ်သင်္ဘော သဘော တူညီချက်တစ်ရပ်ကို ဖျက်သိမ်းခဲ့ခြင်းကြောင့်
ပြင်သစ်နိုင်ငံသည် ဂရိနိုင်ငံနှင့် အရေးပါ သည့် ကာကွယ်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားရန်စီစဉ်ထား
ကြောင်း သတင်းအရင်းအမြစ်များက
စက်တင်ဘာလ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပြင်သစ်နိုင်ငံသည် ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် ၎င်းကို၎င်းအင်အားကြီးနိုင်ငံ
တစ်ခုအဖြစ် ရှု့မြင်လျက်ရှိပြီး အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့မှ
သံအမတ်များ အား ပြန်လည်ခေါ်ယူခဲ့ကာ ဥရောပနိုင်ငံများနှင့်
စစ်ဘက်ဆက်ဆံရေးများ ခိုင်မာ အားကောင်းလာစေရန်ကြိုးပမ်းလျက်ရှိသည်။
ပြင်သစ်နှင့်ဂရိတို့အကြားချုပ်ဆိုမည့်
သဘောတူညီချက်သစ်၌ ဂရိနိုင်ငံသည် ယူရို ၅ ဘီလီယံတန်ဖိုးရှိသော ပြင်သစ်စစ် သင်္ဘောများနှင့် တိုက်လေယာဉ်များ ဝယ်ယူရေးအပါအဝင် အပြန်အလှန်ကာကွယ်ရေး ဆိုင်ရာ အထောက်အပံ့များပါဝင်မည်ဖြစ်ကြောင်း
ဂရိအစိုးရက ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း
ချုပ်ဆိုခဲ့သည့် AUKUS သဘောတူညီ ချက်သည် ပြင်သစ်နိုင်ငံအပေါ် အကြီးအကျယ်ဒေါသဖြစ်စေခဲ့ပြီး
၎င်း၏ အိမ်နီးချင်း ဥရောပနိုင်ငံများအပါအဝင်
ဂရိနိုင်ငံနှင့် စစ်ရေးစွမ်းရည်များ
ပိုမိုတည်ဆောက်သွားရန်
တွန်းအားတစ်ရပ်ဖြစ်ပေါ်စေခဲ့ကြောင်း အမေရိကန်အခြေစိုက်လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။ ဂရိနှင့်သဘောတူညီချက်သည်
ဥရောပနှင့် စစ်ရေးကြိုးပမ်းမှု များကိုဦးဆောင်မည့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmunael Macron) ၏ သဘောထားများအပေါ် တွန်းအားတစ်ရပ်ဖြစ်စေမည်ဖြစ်ပါသည်။
အဆိုပါ သဘော တူညီချက်သည် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့်
စည်းလုံးညီညွတ်မှုများ
အပေါ်အခြေခံ၍ ဥရောပနိုင်ငံများနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန်
အတွက် လမ်းစတစ်ရပ်ဖြစ်လာနိုင်ကြောင်း
ဂရိလေ့လာသုံးသပ်သူများက
ပြောကြား ခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် ပြင်သစ်၏ကမ်းလှမ်းချက်များကို
လက်ခံခြင်းဖြင့် ဂရိနှင့် တူရကီတို့၏ မြေထဲပင်လယ်ဒေသအရေးဆိုင်ရာ အငြင်းပွားမှုပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင် ပြင်သစ်နိုင်ငံထံမှ ထောက်ခံမှုများရရှိနိုင်မည်ဟု
ဂရိနိုင်ငံဘက်မှမျှော်လင့် လျက်ရှိကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
သြစတြေးလျ၊
ဗြိတိန်နှင့် အမေရိကန်သုံးနိုင်ငံအကြား ချုပ်ဆိုခဲ့သည့် AUKUS သဘောတူညီချက်သည် အာရှ-ပစိဖိတ်ဒေသရှိ
ပြင်သစ်၏ မဟာဗျူဟာအစီအစဉ် များကို ပျက်ယွင်းစေသည်သာမက ယူရို ၅၀ ဘီလီယံ ကျော်တန်ဖိုးရှိသည့်
ပြင်သစ်-သြစတြေးလျရေငုပ်သင်္ဘောတည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း ဖျက်သိမ်းစေခဲ့ပါသည်။
ထို့ကြောင့် ပြင်သစ်နိုင်ငံသည် အမေရိကန်နှင့် ဩစတြေးလျ နိုင်ငံတို့မှ ၎င်း၏သံအမတ်များအား
ပြန်လည်ခေါ်ယူခဲ့ပြီး ဥရောပနိုင်ငံများနှင့် စစ်ဘက် ဆက်ဆံရေးများ ခိုင်မာအားကောင်းလာစေရန်
ကြိုးပမ်းချက်အနေဖြင့် ဂရိနိုင်ငံနှင့် ယူရို ၅ ဘီလီယံ တန်ဖိုးရှိသော အရေးပါသည့် ကာကွယ်ရေးသဘောတူညီချက်
တစ်ရပ်ကို လက်မှတ်ရေးထိုးသွားရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီ ချက်အရ ဂရိနိုင်ငံသည်
ယူရို ၅ ဘီလီယံတန်ဖိုးရှိသော ပြင်သစ်စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များ ဝယ်ယူခွင့်အပါအဝင်
အပြန်အလှန် ကာကွယ်ရေးအထောက်အပံ့ များလည်း ရရှိမည်ဖြစ်ပါသည်။ ပြင်သစ်နိုင်ငံအနေဖြင့်
ဂရိနိုင်ငံနှင့် ၎င်းသဘောတူညီ ချက်တစ်ရပ်အား ချုပ်ဆိုရန် စီစဉ်ခြင်းသည် AUKUS သဘောတူညီချက်ပြီးနောက်
ဖြစ်ပေါ်လာသည့် သဘောတူညီချက်တစ်ရပ်ဖြစ်ပြီး ဥရောပနိုင်ငံများနှင့် စစ်ရေး ပေါင်းစပ်ဆောင်ရွက်မှုများ
ပြုလုပ်သွားရန်အတွက် လမ်းစတစ်ရပ်ဖြစ်လာကြောင်း တွေ့ရှိရပါသည်။ ကာကွယ်ရေးသဘောတူညီချက်အရ
ဂရိနိုင်ငံအနေဖြင့် တူရကီနှင့် မြေထဲပင်လယ်အရေးဆိုင်ရာ
အငြင်းပွားမှုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြင်သစ်နိုင်ငံထံမှ သံတမန်ရေးနှင့်
စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုများ ပိုမိုရရှိ လာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment