Wednesday, September 15, 2021

တူရကီတရားရေးဝန်ကြီး သည် ဂျော်ဂျီယာ တရားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း

 တူရကီတရားရေးဝန်ကြီး အဗ္ဗဒူလ်ဟာမစ်ဂူလ် (Abdulhamit Gul) နှင့် ဂျော်ဂျီယာ တရားရေးဝန်ကြီး ရာတီဘရက်ဂါဒ်ဇီ (Rati Bregadze) တို့သည် စက်တင်ဘာလ ၁၅ ရက်တွင် ဂျော်ဂျီယာနိုင်ငံ၊ မြို့တော် တီဘယ်လီစီ (Tbilisi) ၌ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းအစည်းအဝေးအတွင်း တူရကီ၌ လုပ်ဆောင်လျက်ရှိ သည့် ဥပဒေရေးရာပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုအစီအစဉ်အတွက် လုပ်ဆာင်ရမည့်အဆင့်များကို ဂျော်ဂျီယာနိုင်ငံသို့ အသိပေးမှုများပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း ဂူလ်က အလေးထားပြောကြားခဲ့ပါသည်။ ဥပဒေပြင်ဆင်မှုများ ပြန်လည်သုံးသပ်ခြင်း၊ လူ့အခွင့် အရေးခိုင်မာစွာရရှိစေရေးအတွက် ဥပဒေရေးရာဝန်ဆောင်မှုများ တိုးတက်လာစေရေးတို့သည် တရားရေးရာဌာန၏ ဦးစားပေးကိစ္စတစ်ရပ်ဖြစ်ကြောင်းလည်း ဘရက်ဂါဒ်ဇီက ပြောကြား ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအပြီးတွင် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံအကြား ဥပဒေရေးရာ ပူးတွဲသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment