ဘူလ်ဂေးရီးယားသမ္မတ ရူမန်ရာဒက်ဗ် (Rumen Radev) သည် အစိုးရသစ် ဖွဲ့စည်းခြင်းမတိုင်မီ ကြားဖြတ်အစိုးရကို ဦးဆောင်ရန် ဝန်ကြီးချုပ် စတီဖန်ရာနက်ဖ် (Stefan Yanev) အား ပြန်လည်တာဝန်ခန့်အပ်ခဲ့ကြောင်း Reuters သတင်းဌာနက စက်တင်ဘာလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ သမ္မတ ရာဒက်ဗ်သည် လွှတ်တော်အား ဖျက်သိမ်းခဲ့ပြီး မေလတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးအများစုကို ကြားဖြတ် အစိုးရအဖွဲ့တွင် ပြန်လည်ခန့်အပ်ခဲ့ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံသည် (၃)ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၁၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါရွေးကောက်ပွဲတွင် သမ္မတနေရာကို ပြန်လည်ဝင်ရောက်အရွေးခံရန် ရာဒက်ဗ်က ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment