![]()
Xinhua; Oct-2 (Sat)
တူရကီနိုင်ငံအနေဖြင့်
ဂရိနှင့် ပြင်သစ်နိုင်ငံတို့အကြား မကြာသေးမီက ချုပ်ဆို ခဲ့သည့်
ကာကွယ်ရေးသဘောတူညီချက်နှင့်ပတ်သက်၍ ပြစ်တင်ဝေဖန်မှုများပြုလုပ် ခဲ့ပြီး
အဆိုပါသဘောတူညီချက်သည် နေတိုးမဟာမိတ်နိုင်ငံများအပေါ် ခြိမ်းခြောက်မှု များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း
တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ တန်ဂျူဘေလ်ဂျစ် (Tanju Bilgic) က အောက်တိုဘာလ ၁ ရက်တွင်
ပြောကြားခဲ့ပါ သည်။ ဂရိနိုင်ငံ၏ ပင်လယ်ရေကြောင်းပိုင်နက်နှင့်
အမျိုးသားလေကြောင်းပိုင်နက်ဆိုင်ရာ တောင်းဆိုမှုများသည်
နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း၊ ဂရိနိုင်ငံ၏ လက်နက်တပ်ဆင်ရေးမူဝါဒများသည်
ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက် စေနိုင်ရုံသာမက ဥရောပသမဂ္ဂကိုပါ
ထိခိုက်စေနိုင်ကြောင်း၊ ယခုကဲ့သို့ ဂရိနှင့်
ပြင်သစ် နိုင်ငံတို့အကြား
စစ်ရေးမဟာမိတ်ဖွဲ့ခြင်းသည် နိုင်ငံတကာအသိုက်အဝန်းအတွက် သတိထား စောင့်ကြည့်သွားရန်လိုအပ်ပြီး အဆိုပါလုပ်ဆောင်မှုသည်
တူရကီနိုင်ငံအပေါ်တွင်လည်း ဆန့်ကျင်သည့်လုပ်ရပ်တစ်ခုဖြစ်စေနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။
ပြင်သစ်နှင့်ဂရိနိုင်ငံတို့သည်
ပြင်သစ်စစ်ရေယာဉ် ၃ စီးဝယ်ယူရေးအပါအဝင် ယူရို
၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ) နီးပါးတန်ဖိုးရှိသည့် ကာကွယ်ရေးနှင့်
လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးစာချုပ်ကို စက်တင်ဘာလ ၂၈ ရက်တွင်
လက်မှတ်ရေးထိုးခဲ့ကြပါသည်။ တူရကီနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် မြေထဲပင်လယ်အတွင်း
စွမ်းအင်ရှာဖွေရေးသင်္ဘောများ စေလွှတ်ခြင်းနှင့် ရေကြောင်း ပိုင်နက်ဆိုင်ရာ
အငြင်းပွားမှုများကြောင့် ဂရိနိုင်ငံနှင့် တင်းမာမှုများမြင့်တက်ခဲ့ပါသည်။
နှစ်နိုင်ငံအကြားတင်းမာမှုများသည် ၂၀၂၁ ခုနှစ်အစောပိုင်းမှစ၍ လျော့ကျသွားခဲ့ပြီး နယ်မြေအငြင်းပွားမှုများကိုဖြေရှင်းရန်
နိုင်ငံရေးနှင့်စစ်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို ပြန်လည်စတင်ခဲ့ကြပါသည်။ တူရကီနှင့်ဂရိတို့အကြား (၆၃) ကြိမ်မြောက်
ညှိနှိုင်းဆွေးနွေးပွဲ ကို အောက်တိုဘာလ ၆ ရက်တွင် တူရကီနိုင်ငံ၏ မြို့တော်
အန်ကာရာ၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း
တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁ ရက် တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်ဟု
သိရှိရပါသည်။
သုံးသပ်ချက်
ပြင်သစ်နိုင်ငံ၏ စစ်ရေယာဉ် ၃ စင်း ဝယ်ယူရေး အပါအဝင် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ နီးပါးတန်ဖိုးရှိသည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးသဘောတူစာချုပ်ကို စက်တင်ဘာလ ၂၈ ရက်တွင် ဂရိနှင့် ပြင်သစ်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ သဘောတူညီချက်သည် ပြင်သစ်-သြစတြေးလျ ရေငုပ်သင်္ဘောတည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်အား သြစတြေးလျနိုင်ငံဘက်မှ တစ်ဖက်သတ် ဖျက်သိမ်းခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်
သည့်အပြင် ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့အကြားချုပ်ဆိုခဲ့ သည့် AUKUS အမည်ရှိ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အပေါ် လက်တုံ့ပြန်သည့် ဆောင် ရွက်ချက်တစ်ခုလည်း ဖြစ်ပါသည်။ ဂရိနှင့် ပြင်သစ်နိုင်ငံတို့အကြား စစ်ရေးမဟာမိတ် ဖွဲ့ခြင်းသည် နိုင်ငံတကာအသိုက်အဝန်းအတွက် သတိထားစောင့်ကြည့်သွားရန် လိုအပ် ပြီး တူရကီနိုင်ငံအပေါ်လည်း ဆန့်ကျင်သည့်လုပ်ရပ်တစ်ခု ဖြစ်စေနိုင်သည်ကို
တွေ့ရှိ ရပါသည်။ ဂရိနှင့် တူရကီတို့၏ နှစ်နိုင်ငံအကြားသဘောတူညီချက်မှတစ်ဆင့် မြေထဲ ပင်လယ်အရေးဆိုင်ရာ အငြင်းပွားမှုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြင်သစ် အနေဖြင့် ဂရိနိုင်ငံအား ထောက်ပံ့မှုများ ဆက်လက်ပေးသွားနိုင်မည်ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ သို့ဖြစ်၍ ပြင်သစ်သည် ဂရိနှင့် သဘောတူညီချက်ချုပ်ဆိုခြင်းဖြင့် ဥရောပ နိုင်ငံများနှင့် စစ်ရေးပေါင်းစပ်ဆောင်ရွက်မှုများပြုလုပ်သွားရန် လမ်းစတစ်ရပ် ဖြစ်လာ နိုင်မည်ဖြစ်သည့်အပြင် ဂရိသည် ပြင်သစ်နိုင်ငံ၏ ထောက်ပံ့မှုများကိုအရယူကာ မြေထဲ ပင်လယ်အတွင်း စစ်ရေးအင်အားချဲ့ထွင်မှုများ ပိုမိုပြုလုပ်လာနိုင်သော်လည်း တူရကီ နိုင်ငံနှင့်မူ တင်းမာမှုများမှာ ပိုမိုမြင့်တက်လာစေနိုင်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment