Thursday, October 7, 2021

မွန်တီနီဂရိုးသမ္မတသည် ဂျော်ဂျီယာသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဆိုခြင်း

 ၁၁။   မွန်တီနီဂရိုးသမ္မတ မီလို့စ်ဒူကာနိုဗစ် (Milo Dukanovic) သည် မွန်တီနီဂရိုး နှင့် ဂျော်ဂျီယာနိုင်ငံတို့အကြား သံတမန်ရေးဆိုင်ရာဆက်ဆံရေးသမိုင်းတွင် ပထမဆုံး အကြိမ်ချစ်ကြည်ရေးခရီးစဉ်အဖြစ် အောက်တိုဘာလ ရက်တွင် ဂျော်ဂျီယာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ၎င်းအား ဂျော်ဂျီယာသမ္မတ ဆာလိုမီဇိုရာဘစ်ဗီလီ (Salome Zourabichvili) က အောဘီလီယာနီသမ္မတအိမ်တော် (Orbeliani Presidential Palace) အခမ်းအနားနှင့်လက်ခံကြိုဆို၍ မျက်နှာချင်းဆိုင် အစည်းအဝေးတစ်ခုအား ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ခရီးစဉ်အတွင်း မီလို့စ် ဒူကာနိုဗစ်သည် ဂျော်ဂျီယာသမ္မတအပြင် ဝန်ကြီးချုပ် အီရာကလီဂါရီဘရှဗီလီ (Irakli Garsbashvili) နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပါသည်။ မွန်တီနီဂရိုးနှင့် ဂျော်ဂျီယာနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအား ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် စတင် တည်ထောင်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment