Wednesday, October 27, 2021

 

တူရကီနိုင်ငံအနေဖြင့် အီရတ်နှင့်ဆီးရီးယားတွင် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး ဆောင်ရွက်မှုအား နောက်ထပ်  နှစ်သာ လုပ်ဆောင်သွားရန် တူရကီလွှတ်တော်က အတည်ပြုခဲ့ပါသည်။ တူရကီနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် Republican People’s Party (CHP) ပါတီက နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးဆောင်ရွက်မည့် အစီအမံ အား ကန့်ကွက်မဲပေးခဲ့ခြင်းကြောင့် လွှတ်တော်က နှစ်သာ သက်တမ်းတိုးမြှင့်ခွင့်ပြု ခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံအနေဖြင့် IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာတွင် နိုင်ငံတကာ၏ ထောက်ခံမှုရရှိစေရန် ၂၀၁၃ ခုနှစ်တွင် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး ဆောင်ရွက်မှုကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစတင်ကာ နှစ်စဉ်သက်တမ်းတိုးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment