Saturday, October 30, 2021

 

ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး နီကိုလာဆီလာကိုဗစ် (Nikola  Selakovic) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့သည် အောက်တိုဘာလ ၂၈ ရက်တွင် ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ် (Belgrade) မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းဆွေးနွေးမှု အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံရေးပိုမိုခိုင်မာလာစေရန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ဝမ်ယိ၏ ဆားဘီးယား နိုင်ငံသို့သွားရောက်သော ချစ်ကြည်ရေးခရီးစဉ်သည် ယခုနှစ်မေလတွင် ဝန်ကြီး ဆီလာ ကိုဗစ်မှ တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ဂူယမ် (Guiyang) မြို့သို့ ချစ်ကြည်ရေး ခရီးလာရောက်ခဲ့ပြီးနောက် ပြန်လည်သွားရောက်သည့် ခရီးစဉ်တစ်ခုဖြစ်ပါသည်။ ယခုကဲ့သို့ ဝန်ကြီးနှစ်ဦး၏ အပြန်အလှန်သွားရောက်လည်ပတ်မှုသည် နှစ်နိုင်ငံအကြားဆက်ဆံရေး၏ အရေးကြီးမှုကိုပြသရာရောက်ကြောင်း ဆွေးနွေးပွဲအတွင်း ဝမ်ယိက ထည့်သွင်းပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment