Webindia123; Nov-29 (Mon)
တရုတ်နိုင်ငံ၏ စစ်ရေးခြိမ်းခြောက်မှုများ မြင့်တက်နေစဉ်အတွင်း လစ်သူရေးနီးယား လွှတ်တော်ဥက္ကဋ္ဌ မာတက်စ်မယ်ဒိုင်ကစ် (Matas Maldeikis) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၈ ရက်တွင် ထိုင်ဝမ်သို့ ရောက်ရှိလာခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် တိုင်ပေ (Taipei) မြို့၌ ဒီဇင်ဘာလ ၂ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၁ ခုနှစ် လွှတ်တော်များအကြား ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် လာရောက် ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားပါသည်။ အဆိုပါဆွေးနွေးပွဲအခမ်းအနား ကျင်းပခြင်းသည် ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရာတွင် ထိုင်ဝမ်၏ကတိကဝတ်ကို ပြသရန်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
၎င်းအခမ်းအနားသို့ ဥရောပနှင့်လက်တင်အမေရိကနိုင်ငံများမှ လွှတ်တော် အမတ် ၁၀ ဦးထက်မနည်း တက်ရောက်မည်ဟုမျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပါသည်။ လစ်သူရေးနီးယားနိုင်ငံ၌ ပထမဆုံးအကြိမ် ထိုင်ဝမ် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပြီး ရက်ပိုင်းအတွင်း လစ်သူရေးနီးယားကိုယ်စားလှယ်အဖွဲ့၏ အထက်ပါခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် လစ်သူရေးနီးယား နိုင်ငံအတွင်း ထိုင်ဝမ်အမည်ဖြင့် ပထမဆုံးကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခဲ့မှုနှင့်ပတ်သက်၍ ထိုင်ဝမ်၏ ဆုံးဖြတ်ချက်အပေါ် ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့ပြီး လစ်သူရေးနီးယား နိုင်ငံကိုလည်း ဒေါသတကြီးပြစ်တင်ပြောဆိုခဲ့ပါသည်။ ထိုင်ဝမ်နှင့် လစ်သူရေးနီးယား တို့သည် နှစ်နိုင်ငံအကြား ကိုယ်စားလှယ်ရုံးများ အပြန်အလှန်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက် ချမှတ်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment