F-16 တိုက်လေယာဉ်များဝယ်ယူသွားရန် တူရကီနိုင်ငံ၏တောင်းဆိုချက်နှင့် ပတ်သက်၍ တူရကီနှင့်အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများသည် အပြု သဘောဆောင်သည့်ဆွေးနွေးမှုတစ်ရပ်အား အမေရိကန်နိုင်ငံ၌ပြုလုပ်ခဲ့ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်း F-35 တိုက်လေယာဉ်ပူးတွဲထုတ်လုပ်ရေးအစီအစဉ်အတွက် အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံပေးချေခဲ့ပြီးဖြစ်သောကြောင့် အမေရိကန်နိုင်ငံအနေဖြင့် F-16 လေယာဉ်များဖြင့် ပြန်လည်ပေးလျော်သွားရန် တူရကီနိုင်ငံက တောင်းဆိုခဲ့ပါသည်။ ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ဝယ်ယူခဲ့ခြင်းကြောင့် အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ်တွင် F-35 တိုက်လေယာဉ်ပူးတွဲထုတ်လုပ်ရေးအစီအစဉ်၌ တူရကီနိုင်ငံ၏ ပါဝင်မှုအခန်းကဏ္ဍအား ပိတ်ပင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment