ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ်လင်ဟတ် (Michael Linhart) သည် ဥဇဘက်ကစ္စတန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိခဲ့ကြောင်း Akipress သတင်းဌာနက နိုဝင်ဘာလ ၈ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း မိုက်ကယ်လ်လင်ဟတ်သည် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍများ၌ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဥဇဘက်ကစ္စတန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပ ကုန်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ၎င်းခရီးစဉ်အတွင်း ဥဇဘက်ကစ္စတန်-ဩစတြီးယား စီးပွားရေးဖိုရမ်အား ကျင်းပသွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ဝန်ကြီး ဌာနများနှင့် အေဂျင်စီများမှ ကိုယ်စားလှယ်စုစုပေါင်း၂၀၀ ဦးကျော်ခန့် တက်ရောက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment