Sunday, November 14, 2021

 

တူရကီနိုင်ငံ၏ ပဉ္စမမျိုးဆက်တိုက်လေယာဉ်များ တီထွင်ထုတ်လုပ်ရာတွင် ရုရှားနိုင်ငံအနေဖြင့် အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ရုရှားစစ်ဘက် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒီမစ်ထရီရှူဂါရက်ဗ် (Dmitry Shugayev)  က နိုဝင်ဘာလ ၁၄ ရက်တွင် Sputnik သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် တူရကီနိုင်ငံအား ပဉ္စမမျိုးဆက်တိုက်လေယာဉ်များ တီထွင် ထုတ်လုပ်ရာတွင် အကူအညီများပေးအပ်သွားရန် အသင့်ရှိကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ပြီး အဆိုပါစီမံကိန်းနှင့်ပတ်သက်၍လည်း စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒူဘိုင်းလေကြောင်းပြပွဲတွင် ရှူဂါရက်ဗ်က ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် အမေရိကန်နိုင်ငံသည် တူရကီနိုင်ငံအား F-16 ဂျက်တိုက်လေယာဉ်များဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း တူရကီသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment