Sunday, November 14, 2021

 

ပိုလန်-ဘီလာရုဇ်နယ်စပ်တွင် ပိတ်မိနေသောရွှေ့ပြောင်းအခြေချနေထိုင်သူများအား ဘီလာရုဇ်နိုင်ငံအတွင်းရှိ ဘေးကင်းစိတ်ချရသော နေရာများသို့ ရွှေပြောင်းပေးသွားရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပိုဂရမ်ဒီ (Filippo Grandi) က နိုဝင်ဘာလ ၁၁ ရက်၌ တောင်းဆိုခဲ့ကြောင်း Tass သတင်းဌာနက နိုဝင်ဘာလ ၁၂ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ၎င်းရွှေ့ပြောင်းအခြေချနေထိုင်သူများ၏ အသက်အန္တရာယ် ဆုံးရှုံးမှုကာကွယ်နိုင်ရေးအပါအဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးကိစ္စများနှင့် ပတ်သက်၍ ကူညီဖြေရှင်းဆောင်ရွက်ပေးသွားရန် အသင့်ရှိကြောင်း ဂရမ်ဒီက ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါ ရွှေ့ပြောင်းအခြေချသူများအရေး ကိစ္စနှင့်ပတ်သက်၍ လူသားဆန်စွာဖြေရှင်းသွားရန်နှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအခြေအနေများအပေါ် ၎င်းနိုင်ငံများအနေဖြင့် အလေးထားလိုက်နာသင့်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ မူလီဆိုမန်မို (Mulusew Mamo) ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment