Wednesday, December 15, 2021

ဆိုက်ပရပ်စ်နှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးတို့သည့် မြေထဲပင်လယ်အရှေ့ပိုင်း အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြခြင်း

 

 Xinhua;Dec-15(Wed)

              ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ခရစ်တိုဒိုလီဒက်စ် (Nikos Christod oulides) သည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး စမက်ရှော့ခ်ရီ (Sameh Shoukry) အား ဆိုက်ပရပ်စ်နိုင်ငံ၊ မြို့တော်နီကိုရှား (Nicosia) ၌လက်ခံတွေ့ဆုံခဲ့ပြီး မြေထဲပင်လယ် အရှေ့ပိုင်းနှင့်ပတ်သက်၍ နိုင်ငံတကာဥပဒေများနှင့်အညီ ငြိမ်းချမ်းစွာပူးပေါင်းဆောင် ရွက်သွားကြရန်ဆွေးနွေးခဲ့ကြောင်း Xinhua သတင်းဌာနက ဒီဇင်ဘာလ ၁၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ဆိုက်ပရပ်စ်နှင့် အီဂျစ်နိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အမြင့်ဆုံးအဆင့်တွင်ရောက်ရှိလျက် ရှိကြောင်းလည်း လီဒက်စ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆိုက်ပရပ်စ်၊ အီဂျစ်၊ ဂရိ၊ အစ္စရေး၊ လက်ဘနွန်၊ ဂျော်ဒန်၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့ပါဝင်သည့် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များသည် မဟာဗျူဟာမြောက်သဘောတူညီချက် များဖြစ်ပေါ်လာမည်ဖြစ်ကြောင်းလည်း လီဒက်စ်က ဆက်လက်ပြောကြားခဲ့ပါသည်။

              ဆိုက်ပရပ်စ်နိုင်ငံအနေဖြင့် အရှေ့မြေထဲပင်လယ်အရေးနှင့်ပတ်သက်၍ တူရကီ နိုင်ငံက မူဝါဒအမျိုးမျိုးချမှတ်လုပ်ဆောင်နေမှုများ၊ ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူညီချက်အရ ပိုင်းခြားသတ်မှတ်ထားသော ဆိုက်ပရပ်စ်အထူးသီးသန့် စီးပွားရေးဇုန် (Exclusive Economic Zone-EEZ) ၏ ပင်လယ်ပြင်ပိုင်နက်များနှင့် ပတ်သက်၍ တူရကီ၏တောင်းဆိုချက်အပေါ်တွင်လည်း စိုးရိမ်လျက်ရှိကြောင်း လီဒက်စ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ အီဂျစ်နိုင်ငံအနေဖြင့် ဒေသတွင်းဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် နယ်မြေချဲ့ထွင်ရေးမူဝါဒများနှင့် ရန်လိုသော လုပ်ရပ်များမပါဘဲ နိုင်ငံတကာဥပဒေ၊ ဒေသတွင်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုများကို အလေးထား၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှော့ခ်ရီက ပြန်လည်ပြောကြားခဲ့ပါသည်။ အီဂျစ်နိုင်ငံသည် ဆိုက်ပရပ်စ်အထူးစီးပွားရေးဇုန် (EEZ) နယ်နိမိတ်သတ်မှတ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ လက်မှတ်ရေးထိုးသည့် ပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment