Thursday, December 16, 2021

ခရိုအေးရှားနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် အစိုးရ၏ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းချိုးဖောက်သူများအတွက် ကြီးလေးသောဒဏ်ငွေ များချမှတ်သွားမည့် ဥပဒေသစ်တစ်ရပ်ကို ခရိုအေးရှားလွှတ်တော်က အတည်ပြုခဲ့ခြင်း

 

ခရိုအေးရှားနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် အစိုးရ၏ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းချိုးဖောက်သူများအတွက် ကြီးလေးသောဒဏ်ငွေ များချမှတ်သွားမည့် ဥပဒေသစ်တစ်ရပ်ကို ခရိုအေးရှားလွှတ်တော်က ဒီဇင်ဘာလ   ၁၅ ရက်တွင် အတည်ပြုခဲ့ကြောင်း Xinhua သတင်းဌာနက ဒီဇင်ဘာလ ၁၆ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါဥပဒေအား ထောက်ခံမဲ ၇၇ မဲနှင့် ကန့်ကွက်မဲ       ၂၇ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ချိုးဖောက်သူများအား အမေရိကန်ဒေါ်လာ ၄,၆၀၀ မှ ၇,၇၀၀ အထိ ချမှတ်သွားမည်ဖြစ်ပါသည်။ ခရိုအေးရှားအစိုးရသည် အစိုးရသို့မဟုတ် ပြည်နယ်အဖွဲ့အစည်းများနှင့် စာသင်ကျောင်းများသို့ ဝင်ခွင့်ပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များကို နိုဝင်ဘာ၁၆ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများ၊ ရောဂါဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူများ၊ သို့မဟုတ် ကူးစက်ရောဂါဖြစ်ပွားခြင်းမရှိသူများအတွက် ၎င်းလက်မှတ်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment