Wednesday, December 15, 2021

တူရကီနှင့် အာမေးနီးယားနိုင်ငံတို့အကြား ဆက်ဆံရေးပြန်လည်ကောင်းမွန် လာစေရေး လုပ်ငန်းစဉ်များကို ဆွေးနွေးရန်အတွက် နှစ်နိုင်ငံအထူးကိုယ်စားလှယ်များ ခန့်အပ်ခြင်းနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအပေါ် ကြိုဆိုထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

 

တူရကီနှင့် အာမေးနီးယားနိုင်ငံတို့အကြား ဆက်ဆံရေးပြန်လည်ကောင်းမွန် လာစေရေး လုပ်ငန်းစဉ်များကို ဆွေးနွေးရန်အတွက် နှစ်နိုင်ငံအထူးကိုယ်စားလှယ်များ ခန့်အပ်ခြင်းနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအပေါ် ကြိုဆိုထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Anthony Blinken) က ဒီဇင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနှင့် အာမေးနီးယားအစိုးရများအနေဖြင့် နှစ်နိုင်ငံအထူးသံတမန်များကို မကြာမီခန့်အပ်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြီးခဲ့သည့် ဒီဇင်ဘာလ   ၁၃ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံသည် ယခင်ဆိုဗီယက် ပြည်ထောင်စုမှခွဲထွက်ခဲ့သည့် အာမေးနီးယားနိုင်ငံ၏ လွတ်လပ်ရေးရရှိမှုကို အသိအမှတ် ပြုခဲ့သည့် ပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment