Friday, December 17, 2021

တူရကီလွှတ်တော်သည် ၂၀၂၂ ခုနှစ်အတွက် ဘတ်ဂျတ်အား အတည်ပြုပေးခဲ့ခြင်း

 

တူရကီလွှတ်တော်သည် ၁၂ ရက်ကြာ လွှတ်တော်အစည်းအဝေးပြုလုပ်ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်တွင် အစိုးရ၏လာမည့် ၂၀၂၂ ခုနှစ်အတွက် ဘတ်ဂျက်အား အတည်ပြုပေးခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မူစတာဖာဆန်တော့ (Mustafa Suntop) က ပြောကြားခဲ့ပါသည်။ အဆိုပါဘတ်ဂျက်အား ထောက်ခံမဲ ၃၂၇ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲ ဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်အတွက် အသုံးစရိတ်တောင်းခံမှုသည် နှစ်ပေါင်းအတန်ကြာ အာဏာရယူထားသည့် AK ပါတီအစိုးရ၏ (၂၀) ကြိမ်မြောက် တောင်းခံမှုဖြစ်ပါသည်။ အဆိုပါဘတ်ဂျက်အတွင်း အစိုးရအသုံးစရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၁၀၄.၉ ဘီလီယံနှင့် ဘဏ္ဍာရေးရငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၈.၂ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment