တူရကီနိုင်ငံအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးအင်အားကြီး ၁၀ နိုင်ငံ၌ပါဝင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဇန်နဝါရီလ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် လုံခြုံရေးနှင့်ကျန်းမာရေး ဆိုင်ရာအကျပ်အတည်းများအပြင် နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာစိန်ခေါ်မှုများကိုလည်း အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း သမ္မတ အာဒိုဂန်က ၂၀၂၂ ခုနှစ် နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ဖြစ်ပါသည်။ တူရကီနိုင်ငံ၏ GDP သည် ၉ ရာခိုင်နှုန်း တိုးတက်လာမည်ဟု စီးပွားရေးဆိုင်ရာလေ့လာသုံးသပ်ရေးအဖွဲ့များက ခန့်မှန်းထားသည် နှင့်အညီ နိုင်ငံ့စီးပွားရေးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ပိုမိုခိုင်မာအားကောင်း လာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment