ခရိုအေးရှားကာကွယ်ရေးဝန်ကြီး
မာရီယိုဘနိုဇစ် (Mario Banozic) နှင့် ကိုဆိုဗိုကာကွယ်ရေးဝန်ကြီး အာမန်ဒ်မီဟတ်ဂ်ျ
(Armend Mehaj) တို့သည် လုံခြုံရေး နှင့်ကာကွယ်ရေးဆိုင်ရာကဏ္ဍတို့တွင်
ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို
ကိုဆိုဗိုနိုင်ငံ၊ မြို့တော် ပရင့်စ်တီနာ (Prishtina) ၌ ဒီဇင်ဘာလ ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ခရိုအေးရှားနိုင်ငံအနေဖြင့် ကိုဆိုဗိုလုံခြုံရေးတပ်ဖွဲ့၏ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအပါအဝင်
ဥရောပ-အတ္တလန္တိတ်အဖွဲ့အစည်း (Euro-Atlantic Institution) များတွင် ကိုဆိုဗို၏ အဖွဲ့ဝင်
ဖြစ်မှုကိုလည်းထောက်ခံကြောင်း၊ လေ့ကျင့်ရေးနှင့် ပညာရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန်
ဆက်လက်ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ဘနိုဇစ်က ပြောကြားခဲ့ပါသည်။ ခရိုအေးရှားနှင့်ကိုဆိုဗိုဆက်ဆံရေးသည်
သံတမန် ဆက်ဆံရေးထက်ကျော်လွန်လျက်ရှိပြီး အနာဂတ်လမ်းကြောင်းများကိုလည်း
အတူတကွ ပုံဖော်သွားမည်ဖြစ်ကြောင်း
မီဟတ်ဂ်ျက အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment