Global World News; Dec-6 (Mon)
ဩစတြီးယားနိုင်ငံ၏ လက်ရှိအာဏာရ ပြည်သူ့ပါတီ
(People’s Party-OVP) သည် ၎င်းပါတီမှ ယခင်ပြည်ထဲရေးဝန်ကြီးနှင့် OVP
ပါတီအထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သော ကားလ်နေဟန်မာ (Karl
Nehammer) အား ဝန်ကြီးချုပ် အဖြစ်
ဒီဇင်ဘာလ ၆ ရက်တွင် ခန့်အပ်ခဲ့ကြောင်း Global World News သတင်းဌာနက
ဖော်ပြခဲ့ပါသည်။ အဆိုပါခန့်အပ်မှုသည် OVP ပါတီ၏ ၂ လအတွင်း
တတိယမြောက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အသက် ၄၉ နှစ်ရှိ
ကားလ်နေဟန်မာသည် ယခင်ဝန်ကြီးချုပ်ဟောင်း ဆီဘက်စတိန်ကာ့ဇ် (Sebastain Kurz) ၏ မူဝါဒဖြစ်သည့် ကပ်ရောဂါထိန်းချုပ်ကန့်သတ်မှုများအပါအဝင် လူဝင်မှုကြီးကြပ်ရေးအားတင်းကျပ်စွာ အကောင်အထည်ဖော်ဆောင်ခြင်းကို
ထောက်ခံအားပေးသူတစ်ဦးလည်းဖြစ်ပါသည်။ ဝန်ကြီးချုပ်
ကားလ်နေဟန်မာအနေဖြင့် သမ္မတ အလက်ဇန်းဒါးဗန်ဒါဘဲလန် (Alexander Van
Der Bellen) ၏ရှေ့မှောက်၌
ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ယခင်ဝန်ကြီးချုပ်ဟောင်း ကာ့ဇ်ခေတ်အလွန်
ဩစတြီးယားအစိုးရအား ဦးဆောင်သွားမည်ဖြစ်ပါသည်။
ဝန်ကြီးချုပ် ကားလ်နေဟန်မာအနေဖြင့်
ဝန်ကြီးချုပ်ဟောင်း ကာ့ဇ်၏ ၂၀၁၇ ခုနှစ် မှစတင်၍ အင်အားကြီးမားလာအောင်
ဖွဲ့စည်းတည်ထောင်လာသည့် လက်ရှိအာဏာရ OVP ပါတီအား လတ်တလောအကျပ်အတည်းကာလတွင်
ဦးဆောင်ခဲ့ရခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ကာ့ဇ်၏
အမိန့်နှင့်ညွှန်ကြားချက်လုပ်ငန်းအစီအစဉ်များအား ဆက်လက် ထိန်းသိမ်းလုပ်ဆောင်ခြင်းအပါအဝင် Greens ပါတီနှင့် သဘောထားကွဲလွဲမှုများကိုလည်း ဖြေရှင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရှင်းလင်းပြောဆိုခဲ့ပါသည်။ ထို့ပြင် ၎င်းအနေဖြင့် လာမည့်သီတင်းပတ်များအတွင်း
နိုင်ငံအတွင်း၌ ကပ်ရောဂါ ကူးစက်မှုနှုန်းကျဆင်းရေးအား
ကြိုးပမ်းလုပ်ဆောင်ခြင်းအပါအဝင် အသွားအလာထိန်းချုပ် ကန့်သတ်ခြင်းများအား
ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်ဟောင်း ကာ့ဇ်အပေါ်
စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ချိန်မှစ၍ OVP ပါတီသည်
အနီးဆုံးပြိုင်ဘက်အတိုက်အခံ လူမှုဒီမိုကရက်တစ်ပါတီ
(Social Democratic Party) အား မဲအရေအတွက် ၁၀ ရာခိုင်နှုန်း အသာဖြင့်သာ
ဦးဆောင်နိုင်ခဲ့သောကြောင့် ၎င်းအနေဖြင့် ပါတီပုံရိပ်ပြန်လည်ကောင်းမွန်လာစေရန်
ပြင်ဆင်မှုများပြုလုပ်သွားမည်ဟု ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment