Friday, December 3, 2021

ပိုလန်နှင့် ဆွစ်ဇာလန်တို့တွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု မြင့်တက်လာခြင်းကြောင့် ဂျာမနီအစိုးရသည် ၎င်းတို့နှစ်နိုင်ငံအား အန္တရာယ်ရှိသည့် နိုင်ငံများအဖြစ် ဒီဇင်ဘာလ ၄ ရက်တွင် သတ်မှတ်ခဲ့ခြင်း

 ပိုလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု မြင့်တက်လာခြင်း ကြောင့် ဂျာမနီအစိုးရသည် ၎င်းတို့နှစ်နိုင်ငံအား အန္တရာယ်ရှိသည့် နိုင်ငံများအဖြစ် ဒီဇင်ဘာလ ၄ ရက်တွင် သတ်မှတ်ခဲ့ပါသည်။ အဆိုပါကြေညာချက်အား ဂျာမနီ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့အစည်း Robert Koch Institute က ဒီဇင်ဘာလ    ၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းထုတ်ပြန်ချက်သည် ဒီဇင်ဘာလ ၅ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပါသည်။ ထို့ပြင် အဆိုပါနိုင်ငံများမှ ဂျာမနီနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူတိုင်းအား အသွားအလာကြီးကြပ်ကန့်သတ်မှု ၁၀ ရက်ကြာ ထားရှိ သွားမည်ဖြစ်၍ ၎င်းနောက် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုပြုလုပ်ပြီး ကူးစက်မှုမရှိမှသာ ဆက်လက်ခရီးသွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment