Wednesday, December 8, 2021

လစ်သူရေးနီးယားလွတ်တော်သည် ဘီလာရုဇ်နှင့် ၎င်း၏နယ်စပ်တွင် အရေးပေါ် အခြေအနေကို နောက်ထပ်တစ်လ ထပ်မံသက်တမ်းတိုးမြှင့်ရန် မဲခွဲဆုံးဖြတ်ခဲ့ခြင်း

 

လစ်သူရေးနီးယားပါလီမန်သည် ဘီလာရုဇ်နှင့် ၎င်း၏နယ်စပ်တွင် အရေးပေါ် အခြေအနေကို နောက်ထပ်တစ်လ ထပ်မံသက်တမ်းတိုးမြှင့်ရန် ဒီဇင်ဘာလ ၇ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း Xinhua သတင်းဌာနတွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသက်တမ်း တိုးမြှင့်မှုကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိတိုင် ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀၂ ဦးက ထောက်ခံမဲပေးခဲ့ကြပါသည်။ အဆိုပါအရေးပေါ် အခြေအနေကြေညာမှုသည် ဘီလာရုဇ်နိုင်ငံနှင့် လစ်သူရေးနီးယားနယ်စပ်တစ်လျှောက် အပါအဝင် ရွှေ့ပြောင်းအခြေချနေထိုင်သည့် စခန်းများ၏ ၅ ကီလိုမီတာအကွာအထိ အကျိုးသက်ရောက်မည်ဖြစ်ပါသည်။ ပိုလန်နိုင်ငံနှင့် ဘီလာရုဇ်နယ်စပ်တစ်လျှောက် ရွှေ့ပြောင်းအခြေချနေထိုင်သူများ အကျပ်အတည်းကို တုံ့ပြန်ရန်အတွက် ယခင်က နိုဝင်ဘာလ ၁၀ ရက်တွင် အရေးပေါ်အခြေအနေအား ကြေညာခဲ့ပြီး ၎င်းသည် ဒီဇင်ဘာလ ၉ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment