Tuesday, January 4, 2022

ပိုလန်အစိုးရသည် ဘီလာရုဇ်နယ်စပ်တစ်လျှောက်တွင် နယ်စပ်တံတိုင်းတစ်ခု တည်ဆောက်ရန်အတွက်ဒေသတွင်းကုမ္ပဏီများနှင့် သဘောတူညီချက်များအား လက်မှတ် ရေးထိုးခဲ့ခြင်း

        ပိုလန်အစိုးရသည် ဘီလာရုဇ်နယ်စပ်တစ်လျှောက်တွင် နယ်စပ်တံတိုင်းတစ်ခု တည်ဆောက်ရန်အတွက် ‌ဒေသတွင်းကုမ္ပဏီများနှင့် သဘောတူညီချက်များအား လက်မှတ် ရေးထိုးခဲ့ကြောင်း ပိုလန်ဒုတိယပြည်ထဲရေးဝန်ကြီး မက်စီယက်ဂျ်ဝါဆစ် (Maciej Wasik) က ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါနယ်စပ် တံတိုင်းသည် ပြီးခဲ့သည့်အောက်တိုဘာလမှစ၍ အာဏာသက်ရောက်ခဲ့သော နယ်စပ် လုံခြုံရေးဥပဒေအပေါ်အခြေခံ၍ တည်ဆောက်သွားရန်စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းနယ်စပ် တံတိုင်းသည် ၁၈၆ ကီလိုမီတာရှည်လျားမည်ဖြစ်ပြီး အမြင့် ၅ မီတာရှိသော သံဆူးကြိုးများ တပ်ဆင်သွားမည်ဖြစ်ပါသည်။ အဆိုပါနယ်စပ်တံတိုင်းတည်ဆောက်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများလုပ်ဆောင်ရန် အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး ၎င်းသဘော တူညီချက်များအား လက်မှတ်ရေးထိုးခြင်းသည် နယ်စပ်တံတိုင်းတည်ဆောက်ရေးလုပ်ငန်း၏ ပထမအဆင့်ပြီးစီးသည့် အမှတ်အသားတစ်ခုဖြစ်ကြောင်း ဝါဆစ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment