Monday, January 10, 2022

ဂရိနိုင်ငံသည် အေဂျီယန်ပင်လယ်အတွင်း ရေပိုင်နက်တိုးချဲ့ ခြိမ်းခြောက်ခြင်းအပါအဝင် ရန်စမှုများပြုလုပ်၍ တူရကီနိုင်ငံ၏သည်းခံနိုင်မှုကို စမ်းသပ် ခြင်းမှ ရှောင်ရှားသင့်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ကပြောကြားခဲ့ခြင်း

ဂရိနိုင်ငံအနေဖြင့် အေဂျီယန် (Agean) ပင်လယ်အတွင်း ရေပိုင်နက်တိုးချဲ့ ခြိမ်းခြောက်ခြင်းအပါအဝင် ရန်စမှုများပြုလုပ်၍ တူရကီနိုင်ငံ၏သည်းခံနိုင်မှုကို စမ်းသပ် ခြင်းမှ ရှောင်ရှားသင့်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က ဇန်နဝါရီလ ၈ ရက်တွင် သတိပေးပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် အိမ်နီးချင်းနေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော ဂရိနိုင်ငံနှင့်အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းမှု များမှတစ်ဆင့် ဖြေရှင်းလိုပြီး အေဂျီယန်ပင်လယ်အား မိတ်ဖက်ဆက်ဆံရေးပင်လယ် တစ်ခုအဖြစ်ရှိစေလိုကြောင်း၊ သို့ရာတွင် ဂရိနိုင်ငံသည် တူရကီနိုင်ငံအနီးရှိကျွန်းများတွင် စစ်ဘက်စခန်းများထားရှိခြင်းအပါအဝင် ရန်စကျူးကျော်သည့်လုပ်ရပ်များ ဆောင်ရွက် နေကြောင်း အက်ကာက စွပ်စွဲပြောကြားခဲ့ပါသည်။ ဂရိနှင့်တူရကီနိုင်ငံတို့သည် မြေထဲ ပင်လယ်အရှေ့ပိုင်းဒေသအတွင်း စွမ်းအင်ရှာဖွေပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများအပါအဝင် အေဂျီယန်ပင်လယ်နယ်မြေပိုင်ဆိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ကာလ ကြာရှည် သဘောထားကွဲလွဲမှုများရှိခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment