Wednesday, January 5, 2022

အီရန်အပေါ် အမေရိကန်၏အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးနိုင်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို အဓိကထားဆွေးနွေးလျက်ရှိခြင်း ကြောင့် အနာဂတ်ကာလတွင် အပြုသဘောဆောင်သောအခြေအနေတစ်ရပ်ဖြစ်ပေါ် လာနိုင်ကြောင်းပြောကြားခဲ့ခြင်း

        ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့တွင် ဆက်လက်ပြုလုပ်လျက်ရှိသော အီရန်နျူကလီးယားဆွေးနွေးပွဲများ၌ အီရန်အပေါ် အမေရိကန်၏အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးနိုင်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို အဓိကထားဆွေးနွေးလျက်ရှိခြင်း ကြောင့် အနာဂတ်ကာလတွင် အပြုသဘောဆောင်သောအခြေအနေတစ်ရပ်ဖြစ်ပေါ် လာနိုင်ကြောင်း အီရန်ထိပ်တန်းစေ့စပ်ညှိနှိုင်းရေးမှူး အလီဘက်ဟာရီကာနီ (Ali Bagheri Kani) က ဇန်နဝါရီလ ၅ ရက်တွင် ပြောကြားခဲ့ပါသည်။ ဗီယင်နာမြို့ရှိ အီရန်နျူကလီးယား သဘောတူညီချက် ပြန်လည်ထိန်းသိမ်းရေးစေ့စပ်ဆွေးနွေးမှုများပြုလုပ်ရာ Palais Coburg နန်းတော်သို့မဝင်ရောက်မီအချိန်တွင် အီရန်စေ့စပ်ညှိနှိုင်းရေးမှူး ကာနီက အထက်ပါ အတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အီရန်အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများဖယ်ရှားရေးသည် အီရန်နျူကလီးယားသဘောတူညီချက် အလုံးစုံ အောင်မြင်ရေးအတွက် အဓိကသော့ချက်ဖြစ်ကြောင်း ကာနီက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment