Monday, January 3, 2022

တူရကီသမ္မတ ဖေဖော်ဝါရီလတွင်ဆော်ဒီအာရေဗျနိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်းဖော်ပြခဲ့ခြင်း

        တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဖေဖော်ဝါရီလတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ် ကြောင်း Reuters သတင်းဌာနက ဇန်နဝါရီလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အာဒိုဂန်၏ အဆိုပါခရီးစဉ်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူ (Istanbul) မြို့၌ ဆော်ဒီသတင်းထောက် ဂျာမယ်ခါရှိုဂီ (Jamal Khashoggi) အသတ်ခံရပြီးနောက် သံတမန်ရေးဆိုင်ရာချစ်ကြည်ရေးခရီးစဉ်အဖြစ် ဆော်ဒီနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်မည့်ခရီးစဉ်ဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း အာဒိုဂန်အနေဖြင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (Mohammed bin Salman) နှင့် တွေ့ဆုံသွားမည်ဖြစ်ပါသည်။ တူရကီနိုင်ငံအနေဖြင့် ဒေသတွင်း၌ ၎င်း၏သီးသန့် တည်ရှိမှုကိုဖယ်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် ဆော်ဒီအပါအဝင် အရှေ့အလယ်ပိုင်း၊ ပင်လယ်ကွေ့ဒေသနိုင်ငံများနှင့် ပြီးခဲ့သည့်လများ၌ ဆက်ဆံရေးပြန်လည်ထူထောင်ရန် ကြိုးပမ်းခဲ့ပြီးနောက် အထက်ပါချစ်ကြည်ရေးခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment