Tuesday, January 11, 2022
အမေရိကန်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှ တူရကီတပ်ဖွဲ့ဝင် များအားရုပ်သိမ်းရန် တူရကီနိုင်ငံအားဖိအားပေးသင့်ကြောင်း အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ကပြောကြားခဲ့ခြင်း
အမေရိကန်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှ တူရကီတပ်ဖွဲ့ဝင် များအားရုပ်သိမ်းရန် တူရကီနိုင်ငံအားဖိအားပေးသင့်ကြောင်း အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (US Committee for International Religious Freedom - USCIRF) ဥက္ကဋ္ဌ နန်ဒိုင်းမန်ဇာ (Nadine Maenza) က ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ပြောကြားခဲ့ကြောင်း Syrianobserver သတင်းဌာနက ဇန်နဝါရီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆီးရီးယားမြောက်ပိုင်းရှိ ကိုဘာနီမြို့ (Kobani) အား ဇန်နဝါရီလ ၉ ရက်က ဒရုန်းများဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ ၁၁ ဦးရှိကြောင်း၊ အဆိုပါတိုက်ခိုက်မှုများသည် ဆီးရီးယား အရှေ့မြောက်ဒေသ၌ မတည်ငြိမ်မှုကိုဖြစ်စေကြောင်း၊ အဆိုပါဖြစ်စဉ်အားကြည့်ခြင်း အားဖြင့် တူရကီသည် နယ်မြေပိုင်ဆိုင်မှုအားတိုးချဲ့လိုသည်မှာ သိသာထင်ရှားကြောင်းလည်း နန်ဒိုင်းက ပြောကြားခဲ့ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့်လည်း ၎င်းဒေသရှိ တူရကီတပ်ဖွဲ့ဝင်များအားဆုတ်ခွာရန်နှင့် ဒရုန်းများဖြင့်တိုက်ခိုက်မှုများရပ်တန့်ရန် တူရကီ နိုင်ငံအား ဖိအားပေးရန်လိုအပ်သည်ဟု နန်ဒိုင်းက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
No comments:
Post a Comment