Monday, January 17, 2022
ဆားဘီးယားတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ
ဆားဘီးယားပြည်သူအများစုသည် နိုင်ငံ၏တရားစီရင်ရေးကဏ္ဍအတွက် ဇန်နဝါရီလ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ချက်များကို ထောက်ခံမဲပေးခဲ့ကြကြောင်း ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဘူစစ် (Aleksandar Vucic) က နိုင်ငံသို့ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြော ကြားခဲ့ပါသည်။ နိုင်ငံအတွင်း မဲပေးခွင့်ရှိသူ ၁.၈ သန်းရှိသည့်အနက် မဲအရေအတွက် ၉၇ ရာခိုင်နှုန်းခန့်ကို ရေတွက်ပြီးနောက်တွင် မဲဆန္ဒရှင်ပေါင်း ၆၀ ရာခိုင်နှုန်းကျော် သည် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ထောက်ခံခဲ့ကြကြောင်းနှင့် ကျန်မဲအရေအတွက် များသည်လည်း လက်ရှိမဲရလဒ်ကို ထိခိုက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပါ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မဲပေးရွေးချယ်ခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တရားစီရင်ရေးကဏ္ဍ လွတ်လပ်ခွင့်ရရှိရေးတို့အတွက် ပိုမို လုပ်ဆောင်လာနိုင်မည်ဟုယုံကြည်ကြောင်း ဘူစစ်က ဆက်လက်ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂအနေဖြင့် ဆားဘီးယား၏ တရားစီရင်ရေးစနစ်ကို ပြောင်းလဲရန် တောင်းဆိုခဲ့ခြင်းကြောင့် အထက်ပါအတိုင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment