Friday, January 7, 2022

တူရကီနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီးတူရကီ နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း

    အမေရိကန်နိုင်ငံက အသစ်ခန့်အပ်ခဲ့သည့် တူရကီနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီး ဂျက်ဖ်ဖလိတ် (Jeff Flake) သည် ဇန်နဝါရီလ ၈ ရက်တွင် တူရကီ နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း တူရကီနိုင်ငံပိုင် Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) က ၎င်းအား တူရကီနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်အတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် အဆိုပြုခဲ့ခြင်းဖြစ်ပြီး အမေရိကန်အထက်လွှတ်တော်မှ အောက်တိုဘာလတွင် အတည်ပြု ထောက်ခံခဲ့ခြင်းဖြစ်ပါသည်။ ဖလိတ်သည် လွှတ်တော်အမတ်တာဝန်များအား ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment