ဂရိနိုင်ငံခြားရေးဝန်ကြီးဌာနသည် ယူကရိန်းနိုင်ငံအတွင်းသို့ရောက်ရှိနေသည့် ဂရိနိုင်ငံသားများအား ယူကရိန်းနိုင်ငံအတွင်းမှ ချက်ချင်းထွက်ခွာရန် ဖေဖော်ဝါရီလ ၁၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနှင့်ယူကရိန်းနိုင်ငံတို့အကြား တင်းမာမှုများ ပြင်းထန် လာလျက်ရှိစဉ် ပြည်သူများအနေဖြင့် ယူကရိန်း နိုင်ငံအတွင်းရှိမည်သည့်ဒေသများကိုမျှ ခရီးသွား လာခြင်းမပြုရန်နှင့် ယူကရိန်း နိုင်ငံအတွင်းမှ မထွက်ခွာရသေးသည့် ဂရိ နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ ဆက်သွယ်ရမည့် အသေးစိတ်အချက်အလက် များကို ယူကရိန်းနိုင်ငံအတွင်းရှိ ဂရိသံရုံးသို့ စာရင်းသွင်းမှုများချက်ချင်းပြုလုပ်ရန် ဝန်ကြီးဌာနက အကြုံပြုတိုက်တွန်းထားပါသည်။ ဂရိနိုင်ငံသည် ရုရှားနှင့်ယူကရိန်း အရေးတွင် အခြားနိုင်ငံ များကဲ့သို့ အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ယူကရိန်းရှိ ဂရိသံရုံး၌ လိုအပ်သည့်ဝန်ထမ်းများကိုသာ ထားရှိကြောင်း ဂရိနိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
No comments:
Post a Comment