Wednesday, February 2, 2022
တူရကီသမ္မတသည် ယူကရိန်းသို့ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဖေဖော်ဝါရီလ ၃ ရက်တွင် ယူကရိန်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၎င်း ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် အား လက်မှတ်ရေးထိုးခဲ့ကြောင်း တူရကီကုန်သွယ်ရေးဝန်ကြီး မာမစ်မူစ် (Mehmet Mus) က ပြောကြားခဲ့ပါသည်။ အဆိုပါလက်မှတ်ရေးထိုးမှုသည် နှစ်နိုင်ငံအကြားရှိ ကုန်သွယ်မှုအား အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်ရှိရန်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် အာဒိုဂန်သည် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်စေရန်အတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) နှင့်တွေ့ဆုံကာ နှစ်နိုင်ငံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ၏ (၁၀) ကြိမ်မြောက် အဆင့်မြင့်အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရှိ ရပါသည်။
No comments:
Post a Comment