တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ယူအေအီးအိမ်ရှေ့မင်းသား ရှိတ်မိုဟာမက်ဘင်ဇာရပ်အယ်လ်နာရန် (Sheikh Mohammed bin Zayed Al Nahyan) ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ယူအေအီး နိုင်ငံသို့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်သွားမည်ဖြစ်ကြောင်း YeniSafak သတင်းဌာနက ဖေဖော်ဝါရီလ ၁၃ ရက်၌ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေး၊ နှစ်နိုင်ငံ အကြား အပြန်အလှန်နားလည်မှုတည်ဆောက်ရေးအပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း ရေးရာကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ သမ္မတ အာဒိုဂန်သည် ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်နိုင်ရန် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
No comments:
Post a Comment