ဆားဘီးယားနိုင်ငံ၏ လွှတ်တော်အား ဖေဖော်ဝါရီလ ၁၅ ရက်တွင် တရားဝင် ဖျက်သိမ်းခဲ့ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က နိုင်ငံပိုင်ရုပ်မြင်သံကြားအစီအစဉ်မှတစ်ဆင့် ပြောကြားခဲ့ပါသည်။ ထို့ပြင် ယခင်လွှတ်တော် အစည်းအဝေးများသည် ၎င်းတို့နိုင်ငံအတွက် ဥပဒေမူဘောင်အတွင်းမှ အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြောင်းနှင့် လွှတ်တော်နှင့် ဒေသန္တရရွေးကောက်ပွဲများ မကျင်းပမီ အဆိုပါရွေးကောက်ပွဲများ၌ ဆားဘီးယားနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ ကိုယ်စီဆန္ဒမဲများအား သွားရောက်ပေးကြရန် တိုက်တွန်းတောင်းဆိုကြောင်း ဘူစစ်က ဆက်လက်ပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ၏ လက်ရှိသမ္မတ သက်တမ်းမကုန်ဆုံးမီ မတ်လအစောပိုင်းတွင် သမ္မတရွေးကောက်ပွဲကျင်းပမည့်ရက်ကို တရားဝင်ကြေညာသွား မည်ဖြစ်ကြောင်းနှင့် သမ္မတရွေးကောက်ပွဲကို ဧပြီလ ၃ ရက်တွင် ကျင်းပဖွယ်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment