Sunday, February 20, 2022

အမေရိကန်သည် ပိုလန်သို့ M1A2 SEPv3 Abrams အမျိုးအစား ပင်မတိုက်ပွဲဝင်တင့်ကားများ ရောင်းချခဲ့ခြင်း

 

Thedefensepost; Feb-21 (Mon)

              အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ခန့်မှန်းခြေအမေရိကန်ဒေါ်လာ   ဘီလီယံတန်ဖိုးရှိ M1A2 SEPv3 Abrams အမျိုးအစား ပင်မတိုက်ပွဲဝင်တင့်ကား   ၂၅၀ စီးအား ပိုလန်နိုင်ငံသို့ရောင်းချသွားရန် အတည်ပြုခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးနှင့်  လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ထုတ်ပြန်ထား သည်ဟု Thedefensepost သတင်းဌာနက ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အမေရိကန်မှ ၎င်းတိုက်ပွဲဝင်တင့်များအား ရောင်းချပေးမှုကြောင့် ပိုလန်နိုင်ငံ သည် ဒေသတွင်း၌ လက်ရှိဖြစ်ပွားလျက်ရှိသည့် ခြိမ်းခြောက်မှုနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်မှုများအားရင်ဆိုင်နိုင်ရန် ၎င်းတို့စစ်ဘက်၏စွမ်းရည် များကို  မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်းနှင့်  NATO အဖွဲ့၏ စစ်ရေးလေ့ကျင့်ခန်းများ တွင်လည်း ပိုမိုပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းအေဂျင်စီက ထုတ်ပြန် ခဲ့ပါသည်။  ပိုလန်နိုင်ငံသည် အမေရိကန်နိုင်ငံထံမှ M88A2 Hercules ကယ်ဆယ်ရေး သံချပ်ကာယာဉ် ၂၆ စီး၊ M1110 Joint Assault Bridges  တံတားထိုးယာဉ် ၁၇ စီး၊ AN/VLQ-12 တန်ပြန်ဖောက်ခွဲရေးစနစ် ၂၅၀ M2 .50-caliber စက်သေနတ်ကြီး     ၂၇၆ လက်၊ M240C 7.62mm စက်သေနတ် ၅၀၀ လက်၊ AGT 1500 ဓာတ်ငွေ့တာဘိုင် အင်ဂျင် ၁၅ လုံးနှင့် အခြားစစ်လက်နက်ပစ္စည်းများကိုလည်း ဝယ်ယူခဲ့ပါသည်။

              ပိုလန်နိုင်ငံသို့ လက်နက်ရောင်းချမည့် ကုမ္ပဏီများမှာ General Dynamics BAE Systems Leonardo DRS Raytheon နှင့် Lockheed Martin ကုမ္ပဏီများ ဖြစ်ပါသည်။ M1A2 SEPv3 Abrams အမျိုးအစား ပင်မတိုက်ပွဲဝင်တင့်ကား ရောင်းချမှု နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံကအတည်မပြုမီတွင် ရုရှားနိုင်ငံ၏ ခေတ်မီ T-14 Armata တင့်ကားများကို တန်ပြန်နိုင်သော ပင်မတိုက်ပွဲဝင်တင့်ကားအသစ်များအား ရှာဖွေရန် ကြိုးပမ်းခဲ့ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) က ပြောကြားခဲ့ပါသည်။ ပိုလန်အနေဖြင့် အမေရိကန်နိုင်ငံမှ တိုက်ပွဲဝင်တင့်ကားအသစ်များ ဝယ်ယူခြင်းသည် ရုရှား၏ယူကရိန်းနယ်စပ်အနီးတွင် တပ်ဖြန့်ချထားမှုများ အဆက်မပြတ် ဆောင်ရွက်နေမှုနှင့် ဥရောပဒေသ၌ လုံခြုံရေးအခြေအနေများ ဆိုးရွားလာမှုတို့ကြောင့် ဖြစ်ကြောင်းThedefensepost သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။ 

သုံးသပ်ချက်

              ပိုလန်နိုင်ငံသည် M1A2 SEPv3 Abrams အမျိုးအစား ပင်မတိုက်ပွဲဝင် တင့်ကားရောင်းချမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှအတည်မပြုမီတွင် ရုရှား၏ ခေတ်မီ T-14 Armata အမျိုးအစားတင့်ကားများကို တန်ပြန်နိုင်ရန်အတွက် တိုက်ပွဲဝင် တင့်ကားအသစ်များဝယ်ယူရန်ကြိုးပမ်းခဲ့ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ သို့သော် လက်ရှိတွင် ပိုလန်နိုင်ငံသို့ M1A2 SEPv3 Abrams အမျိုးအစား ပင်မတိုက်ပွဲဝင်တင့်ကားများရောင်းချရေးနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ထုတ်ပြန်ထားသည်ကိုတွေ့ရှိရပါသည်။ ထို့ပြင် ပိုလန်နိုင်ငံသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိ AN/VLQ-12 တန်ပြန်ဖောက်ခွဲရေး စနစ် ၂၅၀ M2 .50-caliber စက်သေနတ် ၂၇၆ လက်၊ M240C 7.62mm စက်သေနတ် ၅၀၀ လက်၊ AGT 1500 ဓာတ်ငွေ့တာဘိုင်အင်ဂျင် ၁၅ လုံးနှင့် အခြားစစ်လက်နက် ပစ္စည်းများအပါအဝင် M88A2 Hercules ကယ်ဆယ်ရေးတင့်ကား ၂၆ စီးနှင့် M1110 Joint Assault Bridges  တံတားထိုးယာဉ် ၁၇ စီးတို့ကိုလည်း ဝယ်ယူခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍  ပိုလန်အနေဖြင့် ယခုကဲ့သို့ စစ်လက်နက်ပစ္စည်းများ ဝယ်ယူ ခဲ့ခြင်းသည် ယူကရိန်းအရေးကြောင့် ဥရောပဒေသအတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ခြိမ်းခြောက်မှုများနှင့် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့်ခြိမ်းခြောက်မှုများအား ရင်ဆိုင်ရာ၌ ပိုလန်၏ကာကွယ်ရေးစွမ်းရည်ကို ပိုမိုမြှင့်တင်ပေးနိုင်မည့်အပြင် ပြည်ပ နိုင်ငံများ၏ ခြိမ်းခြောက်မှုများကိုလည်း ဟန့်တားနိုင်လိမ့်မည်ဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment