Sunday, March 13, 2022

တူရကီနိုင်ငံသည် Bayraktar Kizielma အမည်ရှိ မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်၏ ပထမဆုံးသောရှေ့ပြေးပုံစံအားတီထွင်ခဲ့ခြင်း

 

          တူရကီနိုင်ငံ၏ မောင်းသူမဲ့လေယာဉ်ထုတ်လုပ်သော အဓိကကုမ္ပဏီဖြစ်သည့် Baykar ကုမ္ပဏီသည် Bayraktar Kizielma အမည်ရှိ မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်၏ ပထမဆုံးသောရှေ့ပြေးပုံစံကို ပြီးပြည့်စုံသည့်အဆင့်တစ်ရပ်သို့ ရောက်ရှိ စေခဲ့ပြီဖြစ်ကြောင်း Anadolu Agency သတင်းဌာနက မတ်လ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်၏ အလေးချိန်သည် ၆ တန်ရှိရန် ရည်ရွယ်ထားပြီး ဝန်တင်ဆောင်မှုပမာဏအနေဖြင့် ၁,၅၀၀ ကီလိုဂရမ် (၃,၃၀၆ ပေါင်) အထိ သယ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းမောင်းသူမဲ့လေယာဉ်သည် မစ်ရှင်ဆောင်ရွက်ရာတွင် အကွာအဝေး ၅၇၅ မိုင်အထိခရီးနှင်နိုင်စွမ်းရှိပြီး ၅ နာရီကြာ ပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment