အမေရိကန်အစိုးရအနေဖြင့် ဥရောပရှိ NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ပိုလန်၊ ရိုမေးနီးယား၊ ဂျာမနီနှင့် ဂရိနိုင်ငံများသို့ စစ်အင်အားဖြည့်တင်းရန်အတွက် အမေရိကန် စစ်ဘက်တပ်ဖွဲ့ဝင် ၅၀၀ ဦးခန့်အား ပို့ဆောင်သွားမည်ဖြစ်ကြောင်း Webindia123 သတင်းဌာနက မတ်လ ၈ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါ အင်အား ဖြည့်တင်းမှုနှင့်စပ်လျဉ်း၍ အမေရိကန်အနေဖြင့် ရုရှား-ယူကရိန်းတိုက်ခိုက်မှုဖြစ်ပွားလျက် ရှိသောနေရာများသို့ အမေရိကန်တပ်ဖွဲ့ဝင်များအား ပို့ဆောင်သွားမည်မဟုတ်ကြောင်းနှင့် ဥရောပသို့စစ်နယ်ဝန်းပျံ့နှံ့လာမည်ကို တားဆီးနိုင်ရေးအတွက် အမေရိကန်တပ်ဖွဲ့ဝင် များအား တိုးမြှင့်ဖြည့်တင်းခြင်းဖြစ်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) ကပြောကြားခဲ့ပါသည်၊၊ အဆိုပါတပ်ဖြန့်မှုတွင် ဂရိနိုင်ငံသို့ KC-135 အမျိုးအစား ဆီဖြည့်လေယာဉ်နှင့်အတူ စစ်ဘက်တပ်ဖွဲ့ဝင် ၁၅၀ ဦးပို့ဆောင်ခဲ့ပြီး ပိုလန်နှင့် ရိုမေးနီးယားသို့ ဝေဟင်စစ်ဆင်ရေးဆိုင်ရာတပ်ဖွဲ့ဝင် ၄၀ ဦးနှင့် ဂျာမနီနိုင်ငံသို့ စစ်ဘက်တပ်ဖွဲ့ဝင် ၃၀၀ ဦးအသီးသီးပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်၊၊
No comments:
Post a Comment