Monday, March 7, 2022

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် နှင့် ရုရှား သမ္မတ ဗလာဒီမာပူတင် တို့သည် ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့ခြင်း

 

   တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ရုရှား သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ရုရှားနှင့် ယူကရိန်းအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် အရေးကြီးကြောင်းနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာ၍ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် စစ်ပွဲကြောင့် ဘေးဒုက္ခ ခံစားနေကြရသည့် ယူကရိန်းပြည်သူများအား အကူအညီများပေးအပ်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ စင်္ကြံများကို ဖွင့်လှစ်ပေး ထားရန်လိုအပ်ကြောင်းလည်း အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment