တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ နာရာယန်ခတ်ကာ (Dr Narayan Khadka) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၈ ရက်တွင် တူရကီနိုင်ငံသို့ ရက်သတ္တတစ်ပတ်ကြာ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ကြောင်း Khabarhub သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ၎င်းကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၁ ရက်မှ ၁၃ ရက်ထိ တူရကီနိုင်ငံ၊ အန်တယ်ယာ (Antalya ) မြို့တွင် ကျင်းပမည့် သံတမန်ရေးဆွေးနွေးပွဲသို့ တက်ရောက်သွားမည်ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် တောင်အာရှအပါအဝင် ကမ္ဘာ့တစ်ဝန်းမှ နိုင်ငံရေးသမားများ၊ သံတမန်များ၊ မူဝါဒချမှတ် သူများတက်ရောက်၍ ဒေသတွင်းနှင့် နိုင်ငံတကာပြဿနာများကို ဖြေရှင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရှိရပါ သည်။ ထို့ပြင် နာရာယန်ခတ်ကာသည် ခရီးစဉ်အတွင်း အခြားနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများအပြင် အခြားအဆင့်မြင့်အရာရှိကြီးများနှင့်တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment